James ED

ကိုယ့်သားသမီးကို ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက် ဖြစ်လာအောင် ဘယ်လို ပျိုးထောင်ရမလဲ

မိဘတိုင်းကတော့ ကိုယ့်ရဲ့ သားသမီးကို အတော်ဆုံးနဲ့ အထက်မြက်ဆုံး ဖြစ်စေချင်ကြတာချည်းပါပဲ။ Academic Fields တွေအပြင် Extracurricular Activities တွေမှာပါ အမြဲတမ်း ထိပ်ဆုံးရောက်နေအောင် မျှော်မှန်းတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ သားသမီး တကယ် ထက်မြက်လာဖို့အတွက်ဆို ဒီလို Academic Fields တွေနဲ့ တခြား Extracurricular တွေမှာလဲ Good Grades တွေချည်းပဲ ရအောင် Force လုပ်နေရုံနဲ့ မရပါဘူး။ ကိုယ့်အနေနဲ့ Parenting System ကောင်းကောင်းတစ်ခု လိုအပ်ပြီးတော့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရေးမှာ အချက်အချာ ကျတဲ့ အရာတွေကိုပါ သိထားသင့်ပါတယ်။

ဒါဆို အဲဒီ Parenting System က ဘာလဲ။ ❓

“Embracing Individuality”

Embracing Individuality ဆိုတာကတော့ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးရဲ့ အိပ်မက်တွေ၊ စိတ်ဝင်စားတဲ့ အရာတွေ၊ အားသာချက်တွေ၊ အားနည်းချက်တွေ၊ အများနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အချက်တွေကို လက်ခံ အသိအမှတ်ပြုပေးတာပဲဖြစ်ပါတယ်။ ဒီလို လက်ခံအသိအမှတ် ပြုပေးတဲ့အတွက် ကိုယ့်သားသမီးရဲ့ စိတ်ထဲမှာ သူ့ရဲ့ Interests တွေ၊ Strengths တွေ၊ Weakness တွေနဲ့ ပတ်သက်ပြီး သိမ်ငယ်တာတွေ၊ ယုံကြည်ချက်လျော့တာတွေ မဖြစ်တော့မှာပဲဖြစ်ပါတယ်။

“Open and Honest Communication”

ကိုယ့်ရဲ့ သားသမီးနဲ့ ကိုယ်နဲ့ ကြားမှာ ပွင့်ပွင့်လင်းလင်း ရှိနေခြင်းကလဲ Parenting System ရဲ့ အဓိက အချက်အချာကျတဲ့ အကြောင်းအရာတစ်ခုပါပဲ။ အဲလို ပွင့်ပွင့်လင်းလင်း ရှိနေဖို့အတွက် ကိုယ့်အနေနဲ့ Non-judgmental Space တစ်ခုကို Create လုပ်ဖို့ လိုအပ်ပြီး ကိုယ့်ရဲ့ သားသမီးဖြစ်နေရင်တောင်မှ လေးစားမှုရှိရှိ ပြောဆိုဆက်ဆံဖို့ လိုအပ်ပါတယ်။ အဲတာမှသာ တစ်ဖက်က သားသမီးအနေနဲ့ကလဲ Comfort ဖြစ်လာနိုင်ချေရှိပြီး သူ့ရဲ့ အတွေးအမြင်တွေ၊ ခံစားချက်တွေကို မိဘဆီ ဖွင့်ဟလာနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် သားသမီးအနေနဲ့ သူ့အနားမှာ လူတစ်ယောက် ရှိတယ်လို့ ခံစားနေရမှာဖြစ်ပြီး အထီးကျန်တာတွေ၊ တစ်ယောက်တည်းမို့ အဖော်မဲ့တာတွေကို အလကားသက်သက် အချိန်ကုန်ခံ ခံစားနေရတော့မှာ မဟုတ်ပါဘူး။

“Be a Good Listener and Be a Good Speaker”

ကိုယ်က မိဘမို့၊ ကိုယ်က အသက်ကြီးသူမို့ တစ်ဖက် သားသမီးက ပြောဆိုလာတဲ့ အကြောင်းအရာတွေကို နားထောင်စရာ မလိုဘူးလို့ တွေးထားလို့ မရပါဘူး။ ၂၁ ရာစု ခေတ်ကြီးထဲမှာ ရှေးရိုးစွဲ Frame တွေကို မချိုးဖျက်နိုင်သေးရင် ကိုယ့်သားသမီးနဲ့ ကိုယ်ကြား Conflict အကြီးကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုဆိုတာနဲ့ ကိုယ့်သားသမီးရဲ့ စကားသံတွေကို နားထောင်ဖို့လဲ မမေ့ဘဲ သူတို့ လမ်းမှားနေတယ်ဆိုရင်တောင် ကိုယ့်အနေနဲ့ နားဝင်အောင် လမ်းပြပေးတတ်ဖို့ လိုအပ်ပါတယ်။ သားသမီးဆိုတာ နားဝင်ချိုအောင် ပြောတတ်ရင် နားဝင်လွယ်တတ်တာမို့ တစ်ခါ၊ နှစ်ခါလောက်နဲ့တင် ကိုယ့်ရဲ့ စကားလုံးတွေက သူတို့ရဲ့ ရင်ထဲမှာ စွဲမြဲစေတတ်ပါတယ်။

“Prioritize Self-care”

ကိုယ့်သားသမီး အမြဲ Intelligence ဖြစ်နေဖို့၊ Independence ဖြစ်ပြီး အမြဲထက်မြက်နေဖို့ ကိုယ့်အနေနဲ့ ထပ်ပြီး ပျိုးထောင်ပေးရမှာတစ်ခုက Self-care ရှိဖို့ပါပဲ။ ခေတ်ကြီးရဲ့ Societal Norms တွေကို တအား ဂရုမစိုက်နေဖို့ရယ်၊ တစ်ချိန် ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးက လူတစ်ယောက် မရှိဘဲ ဘဝကို ရှေ့ဆက်မလှမ်းနိုင်တာမျိုး မဖြစ်ဖို့ရယ်အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ သင်ပေးရပါမယ်။ ဒါ့အပြင် ဘယ်အခြေအနေမှာမဆို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာက ဆုလာဘ်တစ်ခုလို့ ခံယူထားသင့်ကြောင်းကိုလဲ နားဝင်အောင် ပြောပြသင့်ပါတယ်။ ဒီအချက်ကတော့ ဘဝနေထိုင်နည်းတွေထဲ အမြဲတမ်း ထည့်ထားရမဲ့ အချက်လို့ ပြောပြဖြစ်အောင်ကို ပြောပြရမှာပါ။

ဒီလောက်ဆိုရင်တော့ ဖေဖေ၊ မေမေတို့ မိဘတွေအတွက် ၂၁ ရာစုရဲ့ Parenting System အကြောင်းကို အကြမ်းဖျင်း တီးမိခေါက်မိလောက်ပြီ ထင်ပါတယ်။ နောက်နေ့တွေမှာလဲ James ED ကနေ ဒီလို Knowledge Sharing Post တွေ တင်ပေးသွားအုံးမှာမို့ Page ကို Like and Follow လုပ်ပြီး ဆက်ဆက် စောင့်မျှော် ဖတ်ရှုပေးကြပါအုံးနော်။ နောက် Post မှာ ပြန်တွေ့ကြပါမယ်။ 🙆🏻‍♂️

GED နဲ့ပတ်သတ်ပြီး အထောက်အကူ ဖြစ်စေမဲ့ Knowledge Sharing လေးတွေတင်ပေးထားတဲ့ ကျွန်တော်တို့ Telegram Channel လေးကိုလဲ join ဖို့ မမေ့ကြနဲ့နော်။

https://t.me/JamesEDstudygroup