James ED

ကိုယ်က “ဉာဏ်မကောင်းပါလား” လို့ ခဏခဏ တွေးမိနေတုန်းလား။

ဒီမေးခွန်းကို ကျွန်တော်ကိုယ်တိုင် အဖြေပေးရမယ်ဆိုရင်တော့ YES ပါဗျ။ တစ်ခုခုကို စပြီးလေ့လာလိုက်တိုင်း အချိန်ခဏလေးနဲ့ မှတ်မိတယ်ဆိုတာ ကျွန်တော့်အတွက်တော့ ထူးခြားဖြစ်ရပ် တစ်ခုလိုပါပဲ။ ငယ်ငယ်တုန်းကဆို စာကျက်ရင် အချိန်အကြာကြီး ယူရပါတယ်။ အခုအချိန်မှာတော့ အချိန်ကုန်လူပင်ပန်း သက်သာစေတဲ့ နည်းလမ်းကောင်းလေးတွေကြောင့် ငယ်ငယ်တုန်းကလောက် အချိန်အကြာကြီးယူစရာ မလိုတော့ပါဘူး။ ဒီနေ့မှာတော့ ကျွန်တော်သုံးလေ့ရှိတဲ့ Tips and Tricks လေးတွေကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ So, Let’s Get Started.

ပထမဦးဆုံးနဲ့ အရေးကြီးဆုံးအချက် ကတော့ Analyse Yourself ပဲဖြစ်ပါတယ်။ ပညာရပ်တစ်ခုခုကို လေ့လာတဲ့အခါ ကိုယ့်ရဲ့ဦးနှောက် ဘယ်လိုအလုပ်လုပ်လဲဆိုတာ အချိန်ယူလေ့လာဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်‌ယောက် မတူနိုင်ပါဘူး။ တချို့တွေက ဘာလေးမှတ်မှတ် Colour လေးနဲ့မှ ပိုမှတ်မိတတ်သလို တချို့တွေကျတော့ မြင်ပါများမှ မှတ်မိတတ်တာမျိုး ရှိတတ်ပါတယ်။ တချို့လူတွေအတွက် စကာလုံးတစ်ခုကို ထပ်ခါထပ်ခါ နားထောင်တာက ပိုမှတ်မိနိုင်သလို တချို့ကျတော့ ချရေးလိုက်ရမှ စွဲစွဲမြဲမြဲ မှတ်မိ တတ်ကြပါတယ်။ ကျွန်တော်ဆို ၁၀တန်းအောင်ပြီး တက္ကသိုလ်ရောက်တဲ့အထိ ကျွန်တော့်ရဲ့ ဦးနှောက်က အသစ်သစ်တွေကို ဘယ်လိုမှတ်လဲ ဆိုတာ မသိခဲ့ပါဘူး။ အချိန်ယူပြီး Analyse လုပ်ကြည့်တဲ့အခါမှာတော့ မျက်လုံးနဲ့ မြင်ပါများတဲ့ အရာဝတ္ထုတွေကို အဲဒီနေ့က အဖြစ်အပျက်တွေနဲ့တွဲပြီး အချိန်တော်တော်ကြာကြာ မှတ်မိနေတတ်မှန်း သတိထားမိလာပါတယ်။ ဥပမာ – လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်တော့်ရဲ့မွေးနေ့မှာ ကျွန်တော့်သူငယ်ချင်း ဝတ်ထားခဲ့တဲ့ T-shirt အရောင်ကအစ မှတ်မိနေတတ်ပါတယ်။ ဒီအချက်က အရေး ကြီးတာကြောင့် အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ် Analyse လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဒုတိယအချက်ကတော့ Analyse လုပ်လို့ရလာတဲ့ Result ပေါ်မူတည်ပြီး ကိုယ်နဲ့ သင့်တော်တဲ့ Study Method တွေကို Create လုပ်ကြည့်တာ၊ ကိုယ်သုံးနေကျ နည်လမ်းတွေကို ပြောင်းလဲအသုံးပြုကြည့်တာမျိုး လုပ်ကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ အားသာချက်ပေါ် အခြေခံပြီး Simple and Effective ဖြစ်ဖြစ်ဖန်တီးနိုင်လေ ပိုထိရောက်လေပါပဲ။ ဥပမာ – ကျွန်တော်ဆို ဘာလုပ်လုပ် မြင်ပါများမှ မှတ်မိတတ်တာကြောင့် ကိုယ်မှတ်မိချင်တာတွေကို ချရေးပြီး မြင်သာတဲ့နေရာမှာ ကပ်ထားလိုက်ပါတယ်။ အမြဲလိုလို ကြည့်ဖြစ်နေတာကြောင့် အချိန်အကြာကြီး အားစိုက်စရာမလိုဘဲ မှတ်မိလာပါတယ်။ ကိုယ်က ကြားပါများမှ မှတ်မိတတ်တယ်ဆိုရင် Record လုပ်ပြီး တခြားအလုပ် လုပ်နေချိန်မှာ ပြန်နားထောင်လို့ ရသလို၊ ချရေးမှ မှတ်မိတတ်တယ်ဆိုလဲ တစ်နေ့ကို ဘယ်နှလုံးရေးမယ် ဆိုတာမျိုး Daily Goal လေးတွေ ချထားလို့ ရပါတယ်။

ကျွန်တော်သုံးတတ်တဲ့ နောက်ဆုံး Trick လေးကတော့ Category ခွဲတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ ဆရာမက Vocab အလုံး ၃၀၀ လောက် သင်လိုက်ပြီး “မနက်ဖြန် ပြန်မေးမယ်” ဆိုတာမျိုး Eddie တို့ ကြုံဖူးကြမှာပါ။ Student တိုင်း ခံစားဖူးတဲ့ Pressure တစ်ခုဆိုလဲ မမှားပါဘူး။ ဒီလိုနေ့မျိူးမှာ ကျွန်တော်ကတော့ ဘာမှစမကျက်ခင် Noun, Verb or Adjective စသဖြင့် Category လေးတွေ အရင်ခွဲလိုက်ပါတယ်။ ဒီလိုခွဲလိုက်ခြင်းဖြင့် မှတ်စရာတစ်ခု လျှော့သွားပါတယ်။ Vocab တစ်ခုကို စဖတ်လိုက်တည်းက ဒါဟာ Noun လား၊ Verb လား၊ Adjective လား ခွဲစရာမလိုတော့ဘဲ Meaning and Pronunciation ကိုသာ အဓိကထား မှတ်လိုက်လို့ရပါတယ်။ ဒီနည်းလမ်းလေးက Formula တွေ Language အသစ်တွေကို စမှတ်တဲ့အခါမှာလဲ အသုံးဝင်ပါတယ်။ ဥပမာ – Power ဆို Power နဲ့ဆိုင်တဲ့ Formula တွေ အရင်မှတ်လိုက်တာမျိုး၊ Language အသစ်ဆိုလဲ Noun တွေ စုကျက်လိုက်တာမျိုး၊ Dialogue တွေ စုမှတ်လိုက်တာမျိုး စသဖြင့် ကိုယ်အားသာသလို သုံးလို့ရပါတယ်။

ဒီနေ့မှာ Sharing လုပ်ပေးသွားတဲ့ Tips and Tricks လေးတွေက Eddie တို့အတွက် စာလုပ်တဲ့အခါ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ကိုယ်ထင်ထားတာထက်ပိုပြီး ဉာဏ်ကောင်းပါတယ်၊ ကိုယ့်ကိုယ်ကိုယ် သေချာမသိသေးလို့ပါ။

Eddie တို့ စာကျက်တဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးတတ်လဲ။ ကိုယ့်ကိုယ်ကိုရော Analyse လုပ်ပြီးပြီလား။

Comment မှာ sharing လုပ်ပေးသွားကြပါအုံးနော်။ 💞🫵🏻

GED နဲ့ပတ်သတ်တဲ့ အထောက်အကူ ဖြစ်စေမယ့် Knowledge လေးတွေတင်ပေးထားတဲ့ ကျွန်တော်တို့ Telegram Channel လေးကိုလည်း join ဖို့ မမေ့ကြနဲ့နော်။

https://t.me/JamesEDstudygroup