James ED

ကျောင်းသား/သူတွေအတွက် English Levels

Hello again!

ဒီနေ့ James ED ကနေ ပြောပြပေးသွားမဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ ကျောင်းသား/သူတွေအနေနဲ့ သိထားသင့်တဲ့ English Level တွေနဲ့ ကိုယ့်ရဲ့ English Level ဟာ ဘယ်လောက်ရှိလဲဆိုတာကို အကြမ်းဖျင်းစစ်ဆေးနိုင်မဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ပုံမှန်ဆို ကျောင်းသား/သူတွေဟာ ကိုယ့်ရဲ့ English Level ကို သိပ်ဂရုမစိုက်တတ်ကြဘဲ High School ပြီးမှသာ အင်္ဂလိပ်စာ သင်တန်းတွေ တက်တတ်ကြပေမဲ့ အခုနောက်ပိုင်း International Curriculum တွေကို စိတ်ဝင်စားလာကြတဲ့အခါမှာတော့ အင်္ဂလိပ်စာဘက်ကိုပါ တစ်ဖန်ပြန်လှည့်လာကြပါတယ်။ ဒါကြောင့် ကိုယ်က ကျောင်းသား/သူတစ်ယောက်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ English Level တွေကို Sharing လုပ်သွားပေးပါ့မယ်။

1. Beginner Level (or) Starter Level

ဒီ Level ကတော့ အထွေအထူး ရှင်းပြနေစရာ မလိုဘဲ အင်္ဂလိပ်စာကို အခုမှ စလေ့လာမဲ့ လူတွေ တက်ရောက်သင့်တဲ့ Level ပဲ ဖြစ်ပါတယ်။ အဓိကအနေနဲ့ အင်္ဂလိပ်စာကို အခြေခံတကာ့ အခြေခံကနေ သင်ကြားရမှာဖြစ်ပြီး Curriculum ရွေးချယ်မှုအတွက်ကိုတော့ Interchange Fourth Edition Intro Book လေးကို Recommend ပေးပါတယ်ခင်ဗျာ။

2. Elementary Level

ဒါကတော့ အသက် ၁၁ ကနေ ၁၃ လောက်အထိ အတော်များများ တက်လေ့ရှိကြတဲ့ Level တစ်ခုဖြစ်ပါတယ်။ ဒီ Level ရဲ့ ထူးခြားချက်က Starter Level ကနေ တက်လာလို့ စာတွေ လွယ်တယ်လို့ မခံစားရစေတာပါ။ Starter Level မှာ အခြေခံပိုင်ထားရင်တော့ ဒီ Level ရောက်တဲ့အခါ ပိုပြီး ကြိုးစားသင့်ပါတယ်။ နောက်ပိုင်း Fluency Level မရောက်ခင်တွေအထိ အထောက်အကူ ပြုပေးမဲ့ Level ဖြစ်တာကြောင့် အရေးကြီးတဲ့ Level တစ်ခုလို့ဆိုရင်လဲ မမှားပါဘူးခင်ဗျာ။ Curriculum Recommendation ပေးရရင်တော့ Headway ရဲ့ Elementary Fourth Edition Book လေးကို ညွှန်းချင်ပါတယ်။

3. Pre-Intermediate Level

ဒီ Level ကတော့ Elementary နဲ့ Intermediate Level နှစ်ခုကို ပေါင်းကူးတံတားလေးအနေနဲ့ ဆက်ပေးထားတဲ့ Level လေးတစ်ခုပဲဖြစ်ပါတယ်။ ထွေထွေထူးထူး ပြောစရာရှိတဲ့ Level မဟုတ်သလို ကိုယ်ကြိုးစားရင် အချိန် လပိုင်းအတွင်းမှာ ပြီးမြောက်နိုင်ပါတယ်။ Curriculum Recommendation ကိုတော့ Cambridge ရဲ့ Complete A2 KEY for Learners Second Edition ကို Recommend လုပ်ချင်ပါတယ်။

4. Intermediate Level

Elementary အပြီး ထပ်အရေးကြီးတဲ့ Level ကို ပြောပါဆိုရင်တော့ Intermediate Level ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Intermediate Level ဟာ Fluency Level မရောက်ခင် အခြေခံကို ခိုင်မာနေအောင် သင်ကြားပေးတဲ့ Level ဖြစ်ပါတယ်။ ဒီ Level ကတော့ အတော်လေး ခက်ခဲ နက်နဲတဲ့ Level လို့ တချို့ ကျောင်းသားတွေက ထင်ကောင်း ထင်နိုင်ပေမဲ့ ကိုယ်တကယ် စာလိုက်နိုင်ရင်တော့ ဘာမှ သိပ်မခက်လှပါဘူးနော်။ Curriculum Recommendation ကိုတော့ Intermediate Level Speakout Second Edition ကို ညွှန်းချင်ပါတယ်။

5. Intermediate Plus Level

ဒီ Level ကိုတော့ အတော်များများက ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ တချို့ကလဲ ဒီ Level ကို ကျော်လေ့ရှိကြပြီး တချို့ကတော့ Fluency Level ကို မရောက်ခင် ရှေ့က Concept တွေ ပြန်မှတ်မိအောင်အနေနဲ့ သင်လေ့ရှိပါတယ်။ Fluency Level မှာ အရမ်း မခက်ချင်ဘူးဆိုရင်တော့ ဒီ Level လေးကိုပါ တစ်ခါတည်း သင်သွားရင် ပိုပြီး အဆင်ပြေစေပါတယ်။ Course Book ကိုတော့ Speakout Second Edition ကိုပဲ ပြန်ပြီး ညွှန်းပေးချင်ပါတယ်။

6. Upper Intermediate Level

ဒီ Level က Native တွေနဲ့ အံတုပြီး ပြောဆိုဆက်ဆံဖို့ စကြိုးစားရတော့မဲ့ Level ဖြစ်တာကြောင့် စာလေးတွေတော့ ပိုမိုခက်စပြုလာပါပြီ။ ဒါပေမဲ့ ကိုယ့်အနေနဲ့ သေသေချာချာ ကြိုးစားရင်တော့ အဆင်ပြေစေမှာပါ။ နောက်ပြီး ဒီ Level ရောက်ပြီဆိုရင် English Language ရဲ့ Level အတော်မြင့်မြင့်ကို ရောက်ပြီဖြစ်တာကြောင့် Fluent ဖြစ်ဖြစ် စတင်ပြီး ပြောဆိုဆက်ဆံနိုင်လာပါပြီ။

7. Advanced Level

Advanced Level ရောက်ရင်တော့ ကိုယ်က ဆရာကြီးဖြစ်သွားပါပြီ။ တခြားသူကိုတောင် အင်္ဂလိပ်စာ Guideline ပြန်ပေးနိုင်လောက်ပြီဖြစ်သလို ကိုယ်လေ့လာရမဲ့စာတွေကလဲ ပိုခက်သထက် ခက်သွားပြီဖြစ်ပါတယ်။ Advanced Level နဲ့ Upper Intermediate Level အတွက် Course Book တွေကိုတော့ ကိုယ်ကြိုက်ရာကို အသုံးပြုနိုင်တာကြောင့် ထည့်မရေးတော့ပါဘူးနော်။

ကဲ ဒါဆို ကိုယ့်ရဲ့ English Level ကို စစ်ဆေးနိုင်မဲ့ Website လေးကတော့ အောက်က Website လေးပဲဖြစ်ပါတယ်။

https://www.britishcouncil.org/…/learn-online/englishscore

Post လေးကို အဆုံးအထိ ဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်ထပ် Knowledge Sharing Post တွေလဲ ထပ်တင်ပေးအုံးမှာမို့ Page လေးကို Like and Follow လုပ်ပေးဖို့ တိုက်တွန်းပါတယ်။ နောက် Post လေးမှာ ပြန်တွေ့ကြပါမယ်နော်။ 💞