James ED

ပတ်ဝန်းကျင်တစ်ခွင်လုံး စိုစွတ် အုံ့မှိုင်းနေတဲ့ အခုလို မိုးတွင်းမှာ စာလုပ်တဲ့အခါ စိတ်သွားတိုင်း ကိုယ်ပါပြီး Productivity တက်စေဖို့ ဘယ်လိုလုပ်ကြမလဲ။

မိုးလေးအုံ့လာပြီဆိုတာနဲ့ Hoodie လေးဝတ်၊ Coffee လေးဖျော်ပြီး ဝရန်တာကိုထွက်၊ မိုးရေစက်တွေကို ငေးရင်း ဘယ်သူ့ကိုလွမ်းလို့ လွမ်းမှန်းမသိ ဖြစ်ဖူးကြမှာပါ။ ဒါဟာ ကျွန်တော်တို့ အပေါ် သက်ရောက်လာတဲ့ မိုးရာသီရဲ့ လွှမ်းမိုးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ မိုးလေးတဖွဲဖွဲ ရွာတတ်တဲ့ ဒီလိုရာသီဟာ အေးအေးချမ်းချမ်းနဲ့ နေလို့ကောင်းပေမဲ့ နေရောင်ခြည်ရဲ့ ထိတွေ့မှု အရမ်းနည်းသွားတာကြောင့် ကျွန်တော်တို့ရဲ့ Mood တွေကို Regulate လုပ်ပေးတဲ့ ဦးနှောက်ထဲက Serotnin Level ကျလာတတ်ပါတယ်။ ဒီလိုကျလာတဲ့အခါမှာတော့ Seasonal Affective Disorder(SAD) လိုစိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်လာနိုင်သလို၊ ပင်ပန်းနွမ်းနယ်တာ၊ ညဖက်အိပ်မပျော်တာ လိုမျိုးရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေလဲ ဖြစ်လာနိုင်တာကြောင့် စာလုပ်နေကြတဲ့ Eddie တို့ရဲ့ Productivity ကိုထိခိုက်လာနိုင်ပါတယ်။

ဒါဆိုရင် ရာသီဥတုနဲ့အပြိုင် ထိုင်းမှိုင်းနေတဲ့ ကျွန်တော်တို့ရဲ့ Mood တွေကို Direction ပြောင်းပြီး Productivity တက်အောင် ဘယ်လိုလုပ်ကြမလဲ။ ❓

1. သဘာဝနေရောင်ခြည်နဲ့ တတ်နိုင်သမျှ ထိတွေ့နိုင်အောင် ကြိုးစားကြည့်ပါ။

ဥပမာ နေရောင်လေး နည်းနည်းပွင့်တတ်တဲ့ နေ့ခင်းနေ့လည်ဘက်ဆိုရင် အလင်းရောင်ဝင်နိုင်ဖို့အတွက် ခန်းစည်းလိုက်ကာတွေကို ဖွင့်ထားတာ၊ ပြတင်းပေါက်တံခါးတွေကို ခဏတာ ဖွင့်ထားတာမျိုးလုပ်လို့ရပါတယ်။ မိုးသည်းတတ်တဲ့နေ့တွေဆို ကိုယ့်ရဲ့အခန်းထဲမှာ Warm ဖြစ်စေတဲ့ မီးလုံးလေးတွေထွန်းတာ သို့မဟုတ် သဘာဝနေရောင်ခြည်လို ခံစားမှုပေးနိုင်တဲ့ Light Therapy Lamp ထွန်းတာ လေးတွေကိုလဲ သုံးလို့ရပါတယ်။

2. ကိုယ်စာလုပ်တတ်တဲ့ နေရာဝန်းကျင်လေးကို သက်တောင့်သက်တာလေးနဲ့ နွေးနွေးထွေးထွေးလေး ဖြစ်အောင် ဖန်တီးထားပါ။

ဥပမာ ကိုယ့်ရဲ့စာအုပ်၊ ဘောပင်၊ ခံတံ စတာတွေကို သပ်သပ်ရပ်ရပ် စီစီရီရီထားတာ၊ Calming Music လေးတွေ နားထောင်ရင်း စာလုပ်တာ၊ စိတ်ကို လန်းဆန်းစေတဲ့ အမွှေးဖယောင်းတိုင်လေးတွေ ထွန်းတာ၊ နွေးနွေးထွေးထွေးလေးဝတ်ပြီး ပူပူနွေးနွေးလေးတစ်ခုခုသောက်ရင်းနဲ့ စာလုပ်တာမျိုး လုပ်ကြည့်သင့်ပါတယ်။

3. Physical Activity လေးတွေ စမ်းလုပ်ကြည့်ပါ။

အခုလို မိုးတွင်းမှာတော့ Indoor Activity လေးတွေကို ရွေးချယ်လုပ်ကြည့်လို့ရပါတယ်။ ဥပမာ လွယ်ကူရိုးရှင်းတဲ့ Yoga Lesson တွေ၊ Home Workout လေးတွေ လုပ်ကြည့်လို့ရသလို ကိုယ့်ရဲ့အခန်းကို Lock ချ သီချင်းအကျယ်ကြီးဖွင့်ပြီး အသားကုန် က,လို့လဲရပါတယ်။ ဒီလို Physical Activity တွေလုပ်ခြင်းအားဖြင့် Endorphin လို့ခေါ်တဲ့ Hormones လေးတွေထွက်လာပြီး အခုလက်ရှိ ဖြစ်နေတဲ့ Mood ကိုပြောင်းလဲပေးနိုင်သလို Stress တွေကိုပါ လျှော့ချပေးနိုင်ပါတယ်ဗျ။

4. တစ်နေ့တာကို Daily Routine လေးနဲ့ ဖြတ်သန်းကြည့်ပါ။

မနက်ဖြန် လုပ်စရာရှိတာလေးတွေ၊ ကိုယ်လုပ်ချင်တာလေးတွေကို ညအိပ်ခါနီး Routine လေးလုပ်ထားကြည့်ပါ။ မိုးအေးအေးနဲ့ ကွေးလို့ကောင်းတဲ့ရာသီမလို့ ဒီလို Routine လေးရှိနေတော့ အိပ်ပျော်သွားလို့ သင်တန်းလွတ်သွားတာ၊ Assignment Deadline ကျော်သွားတာမျိုး မဖြစ်တော့ဘဲ ခါတိုင်းထက်ပိုပြီး Productive ဖြစ်စေမှာသေချာပါတယ်။

5. ကိုယ်ချစ်ရတဲ့လူတွေနဲ့ အဆက်သွယ်မပြတ်အောင်နေပါ။

မိုးတွေရွာနေလို့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အပြင်မှာ မတွေ့ဖြစ်ရင်တောင် Phone ဒါမှမဟုတ် Social Media ကနေတစ်ဆင့် ဆက်သွယ်ပြီး ကိုယ့်ရဲ့အခက်ခဲတွေကို ရင်ဖွင့်ပါ။ ဒါမှသာ တစ်ယောက်တည်း အထီးကျန်ဆန်တဲ့ ခံစားမှုကနေလွတ်မြောက်ပြီး နွေးထွေးတဲ့ ခံစားချက်လေးကို ထိတွေ့ရမှာဖြစ်တာကြောင့် ကိုယ့်အတွက် အင်အားတစ်ခုဖြစ်စေမှာပါ။

ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေအပေါ် သက်ရောက်မှု များတဲ့ အခုလို ရာသီမျိုးကို Productive ဖြစ်ဖြစ် ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ပြီး နွေးနွေးထွေးထွေး နေကြဖို့လဲ မမေ့ပါနဲ့အုံး Eddie တို့ရေ။ နောက်ထပ် Post မှာ ပြန်တွေ့ကြပါမယ်နော်။ 🫶🏻

GED နဲ့ပတ်သတ်ပြီး အထောက်အကူ ဖြစ်စေမဲ့ Knowledge Sharing လေးတွေတင်ပေးထားတဲ့ ကျွန်တော်တို့ Telegram Channel လေးကိုလဲ join ဖို့ မမေ့ကြနဲ့နော်။

https://t.me/JamesEDstudygroup