James ED

“ဘဝမှာ ဘယ်နှကြိမ်လောက် စာပေထဲက အလှတရားတွေကို နှလုံးသားနဲ့ မြင်အောင် ကြည့်ခွင့်ရခဲ့ကြလဲ”

စာပေဟာ ဦးနှောက်အာဟာရ နှလုံးသားအာဟာရ တွေကို ပေးစွမ်းနိုင်သော သိမ်မွေ့တဲ့ အနုပညာတစ်ခုဖြစ်သလို တစ်ခါတရံမှာတော့ “ဓားသွားထက် ကလောင်သွားထက်” ဆိုသလို အင်အားကြီးမားပါတယ်။ ဒါပေမဲ့ ဒီလို သိမ်မွေ့ပြီး အင်အားကြီးမားတဲ့ အနုပညာရပ်ကို ကျွန်တော်တို့တွေ ဘယ်နှကြိမ်လောက် သေချာအချိန်ပေးပြီး ခံစားခဲ့ကြပြီးပြီလဲ။

ကျွန်တော်တို့တွေဟာ ကျောင်းစာကိုလေ့လာရင်း ကဗျာပေါင်းများစွာကို ကျက်ခဲ့ရတယ်၊ စာပိုဒ်ပေါင်းများစွာကို ဖတ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ အလွတ်ကျက် ပညာရေးစနစ်အောက်မှာ စာမေးပွဲအောင်ဖို့ ကြိုစားနေကြရတာနဲ့ပဲ စာပေရဲ့ အနုပညာ ရသကောင်းတွေကို ခံစားဖို့ အချိန်မရခဲ့ကြပါဘူး။ ကဗျာဆရာရဲ့ ရည်ရွယ်ချက်ဆိုတာ ခံစားသူပေါ်မူတည်ပြီး မကွဲပြားသွားပဲ သင်ရိုးညွှန်းတမ်းထဲက စာပိုဒ် တစ်ခု အပြင်မပိုခဲ့ပါဘူး။ English စာမှာ တွေ့ရတဲ့ Sentence လှလှလေးတွေကိုလဲ သတိမထားနိုင်ဘဲ Cloze Type အမှတ်ပြည့်ရအောင်သာ ထပ်ခါထပ်ခါ ဖတ်ခဲ့ကြရပါတယ်။ ဒီလို စာပေဘာသာစကား တွေရဲ့ အနှစ်သာရကို စာမေးပွဲအောင်ရုံသာ ခံစားကြတဲ့အခါ အရွယ်ရောက်လာတော့ စာပေအနုပညာရဲ့ သိမ်မွေ့မှုကို ဦးနှောက်နဲ့သာ ခံစားတတ်တဲ့ လူတွေ ဖြစ်လာကြပါတယ်။

ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ် ဟာ ဖတ်ရှုခံစားတဲ့ လူအပေါ်မူတည်ပြီး ရသအမျိုးမျိုး ကွဲပြားသွားစေပါတယ်။ ဒီလို သိမ်မွေ့ နူးညံ့မှုတွေကို လျစ်လျူရှုပြီး အလွတ်ကျက်လိုက်တာဟာ အရမ်းအရသာရှိတဲ့ ဟင်းပွဲတစ်ခုကို ဗိုက်ဆာလွန်းလို့ မြန်မြန် ကုန်အောင် စားလိုက်ရသလိုပါပဲ။ စာပေတစ်ခုကို ခံစားဝေဖန်တတ်ဖို့ဆိုတာ အတွေးခေါ် ရင့်ကျက်ဖို့၊ စည်းဘောင်တွေရဲ့ အပြင်ဘက်ကနေ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ဖို့နဲ့ ထိုက်သင့်တဲ့ အသိပညာ ဗဟုသုတတွေ လိုအပ်ပါတယ်။ စာပေရဲ့ အခြေခံသဘောတရားတွေ၊ စည်းမျဥ်းစည်းကမ်းလေးတွေနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကိုပါ ပြည့်ပြည့်စုံစုံသိထားမှသာ တခြားသူရဲ့ စာပေအနုပညာတွေကို ဝေဖန်အကြံပေးသင့်ပါတယ်။

သူများရဲ့ အနုပညာတစ်ခုကို ကိုယ်မကြိုက်တာနဲ့ဘဲ မကောင်းဘူးလို့ တထစ်ချ ဝေဖန်နေကြတဲ့ လူမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာ အတော်များပါတယ်။ ဒီလိုလူတွေဟာ အရည်အချင်း မပြည့်ဝဘဲ ဦးနှောက်နဲ့သာ ခံစားဆုံးဖြတ်တဲ့ လူမျိုးတွေပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် ကိုယ်ခံစားဖတ်ရှုလိုက်ရတဲ့ စာပေအနုပညာပေါ် ကိုယ့်ရဲ့အမြင်၊ ကိုယ်ခံစားလိုက်ရတဲ့ ရသ၊ ရရှိနိုင်တဲ့ သင်ခန်းစာ စတာတွေကို ပြေပြေပြစ်ပြစ် ရေးစပ်သီကုံးပြီးတော့ တခြားသူတွေနဲ့အတူ မျှဝေ ခံစား အတွေးဖလှယ် သင့်တာပါ။

စာပေအနုပညာနဲ့ ပတ်သက်တဲ့ အခြေခံကောင်းတွေကိုသိချင်တယ်၊ စာပေတစ်ခုကို ရှုထောင့်ပေါင်းစုံကနေ လေ့လာချင်တယ်၊ အတွေးခေါ်ပိုင်း ပိုကောင်းလာပြီး ကိုယ်ပိုင်အယူအဆတွေနဲ့အတူ စာတမ်းကောင်းတွေကို ပြုစုချင်တယ် ဆိုရင်တော့ GED ဘာသာရပ်တွေထဲက တစ်ခုဖြစ်တဲ့ RLA ဘာသာရပ်ကို လေ့လာကြည့်ပါ။

ဒီဘာသာရပ်ကို လေ့လာပြီးရင်တော့ အရည်သွေးပြည့်ဝတဲ့ စာပေအနုပညာတွေကို ဖန်တီးလာနိုင်မှာဖြစ်ပြီး သူများဖန်တီးထားတဲ့ အနုပညာတွေကိုပါ လေးလေးစားစားနဲ့ ခံစားတတ်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ အနုပညာတိုင်းမှာ အလှတရားကိုယ်စီ ရှိကြပါတယ်၊ အရည်သွေးပြည့်ဝတဲ့ နှလုံးသားတစ်ခုနဲ့ ခံစားတတ်ဖို့သာ လိုတာပါဗျ။ 💕🙆🏻‍♂️

GED နဲ့ပတ်သတ်ပြီး အထောက်အကူ ဖြစ်စေမဲ့ Knowledge လေးတွေတင်ပေးထားတဲ့ ကျွန်တော်တို့ Telegram Channel လေးကိုလည်း join ဖို့ မမေ့ကြနဲ့နော်။