James ED

လူမှုရေးပညာရပ်ဟာ လက်တွေ့ဘဝမှာ ဘယ်လောက် အသုံးဝင်လဲ

လူမှုရေးလို့ ကြားလိုက်တာနဲ့ ကျွန်တော်ကတော့ ဘာမှန်းသေချာမသိဘဲ ငယ်ငယ်က အလွတ်ကျက်ခဲ့ရတဲ့ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ သက်မွေး စတဲ့ ဘာသာရပ်တွေကိုသာ မြင်ယောင်လာပါတယ်။ ပုံနှိပ်စာအုပ်ထဲက စာတွေကို ပြန်ကူးလိုက်၊ အိမ်စာရေးလိုက်၊ အလွတ်ကျက်လိုက်နဲ့သာ လူမှုရေးပညာရပ်ကို သင်ယူရင်း စာသင်နှစ်တွေကို ဖြတ်သန်းခဲ့ကြရပါတယ်။ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ဟာ လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင် စတာတွေကို တိုးတက် ကောင်းမွန်ဖို့အတွက် ကျွန်တော်တို့သင်ယူရတာဖြစ်ပေမဲ့ ဆရာမ စာခေါ်တာကိုသာ မီအောင် လိုက်ရေးရင်းနဲ့ပဲ အချိန်ကုန်ခဲ့ကြရပါတယ်။ စာမျက်နှာပေါ်မှာ သင်ခဲ့ကြရတဲ့ လူမှုရေး ပညာရပ်က ကျွန်တော်တို့ လက်တွေ့ဘဝအတွက်တော့ အထောက်အကူ မဖြစ်ခဲ့ပါဘူး။

ကျွန်တော်တို့ လက်ရှိ ကြုံတွေနေရတဲ့ လူမှုရေးပြသနာတွေထဲမှာ နိုင်ငံရေး၊ စီးပွားရေး နဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း ကွာဟချက်တွေလိုမျိုး လက်တွေ့ကျတဲ့ ပြဿနာတွေ အများကြီး ပါဝင်ပါတယ်။ အစိုးရတစ်ခု ဘယ်လို လည်ပတ်နေလဲ၊ နိုင်ငံရေးအရွေ့တစ်ခု ပေါ်လာတိုင်း ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ၊ ငါဘာတွေပြင်ဆင်ထားရမလဲ၊ ဒီလို နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ ဗဟုသုတတွေ ရှိထားမယ်ဆိုရင် ဘာလုပ်လုပ် ကြိုတင် တွက်ဆနိုင်ပြီး အမြဲတမ်း သူများထက် ခြေတစ်လှမ်း ပိုသာနေမှာ ဖြစ်ပါတယ်။ ကိုယ်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး အထိုက်အလျောက် နားလည်ပေမဲ့ စီးပွားရေးဆိုင်ရာ အခြေခံသဘောတရားတွေကို မသိဘူးဆိုရင်တော့ စီးပွားရေး စလုပ်ဖို့ မလွယ်နိုင်ပါဘူး။ လူရယ်လို့ ဖြစ်လာတာနဲ့ စားဝတ်နေရေးအတွက် စီးပွားရေးတစ်ခုခု လုပ်ရစမြဲပါ။ နိုင်ငံရေးအရွေ့တစ်ခု ပေါ်ပေါက်လာတိုင်း စီးပွားရေးလောကမှာလဲ အရွေ့တစ်ခု ထပ်တူ ပေါ်လာတတ်ပါတယ်။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းဟာ ပေါ်လာတဲ့အရွေ့နဲ့အတူ အမှီလိုက်နိုင်မှသာ မပြိုလဲမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခြေခံ Knowledge တွေရှိနေပြီဆိုရင်တော့ ကိုယ်နေတဲ့ နိုင်ငံရဲ့ အားနည်းချက်၊ အားသာချက်၊ မြေပြင်အခြေနေနဲ့ ရာသီဥတု တွေကိုပါ လေ့လာသင့်ပါတယ်။ အရမ်းပူတဲ့ နိုင်ငံမှာ အနွေးထည် ရောင်းမကောင်းနိုင်သလို အစပ်ကြိုက်တဲ့ နိုင်ငံမှာ ချိုချိုချဥ်ချဥ်လေးတွေ ရောင်းလို့ လုပ်ငန်းမတွင်ကျယ်နိုင်ပါဘူးဗျာ။

နောက်ထပ်အရေးအကြီးဆုံးတစ်ချက်ကတော့ ကိုယ်ရောက်နေတဲ့ နေရာဒေသမှာ လိုက်ရောညီထွေနေနိုင်ဖို့အတွက် အဲ့ဒေသရဲ့ ဘာသာစကားနဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုပါ လေ့လာ သင်ယူသင့်ပါတယ်။ နေ့စဥ် လူမှုဆက်ဆံရေးမှာ ဘာသာစကားနဲ့ ယဥ်ကျေးမှု ကွာဟချက်တွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပိုမို ဝေးကွာသွားစေတတ်ပါတယ်။ ဒီလို မဖြစ်ရလေအောင် ဆက်ဆံရေး ကောင်းမွန်ပြီး ရေလိုက်ငါးလိုက် နေနိုင်တဲ့လူ တစ်ယောက်အဖြစ် ပတ်ဝန်းကျင်သစ်မှာ ရှင်သန်ဖို့ ကြိုးစားသင့်ပါတယ်။

နေ့စဥ် လူနေမှု ဘဝမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေသာမက နိုင်ငံတွေရဲ့ ပထဝီဝင် အနေထားတွေ၊ သမိုင်းဝင် အဖြစ်ပျက်တွေနဲ့ ယဥ်ကျေးမှု ဓလေ့အမျိုးမျိုးကို ရှုထောင့်ပေါင်းစုံကနေ လေ့လာပြီး မိမိအမြင်နဲ့ ယှဥ်တွဲ တင်ပြချင်တယ်ဆိုရင်တော့ GED ဘာသာရပ်တွေထဲက တစ်ခုဖြစ်တဲ့ Social Studies ဘာသာရပ်ကို လေ့လာကြည့်လို့ရပါတယ်။ ဒီဘာသာရပ်ကို လေ့လာပြီးသွားတဲ့အခါမှာတော့ လက်တွေ့ဘဝရဲ့ ပြဿနာတွေကို ရှုမြင်တဲ့ အမြင်ပြောင်းလဲသွားပြီး ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မဲ့အပြင် ပိုမိုရင့်ကျတ်တဲ့ လူတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

GED နဲ့ပတ်သက်ပြီး ဘာပဲလိုလို မေးလို့ရတဲ့ James ED ရဲ့ Telegram Channel လေးရှိနေပြီနော်။

https://t.me/JamesEDstudygroup