James ED

မနေ့က နောင်တတွေနဲ့ ဒီနေ့ကို ဖြတ်သန်းနေတုန်းလား

ကျွန်တော်တို့တွေဟာ ပြီးခဲ့တဲ့ အတိတ်က ကိစ္စတွေကို အချိန်အတိုင်းတာ တစ်ခုထိ ပြန်တွေးရင်း နောင်တရတတ်ကြပါတယ်။ “မနေ့ကသာ စာပိုလုပ်ခဲ့ရင် ဒီနေ့ စာမေးပွဲ ပိုဖြေနိုင်မှာ” ဆိုတာမျိုးလို ကိုယ်ထိန်းချုပ်နိုင်တဲ့ ကိစ္စတွေသာမက “ငါသာ အိမ်က စောစောထွက်ခဲ့ရင် ဒီ Bus ကားကိုမီမှာ ဆိုတာမျိုးလို ကိုယ်မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ အပေါ်လဲ အနည်းနဲ့အများ နောင်တရ တတ်ကြပါတယ်။ ဒီလိုမနေ့က လုပ်ခဲ့တဲ့ အမှားတွေကို နောင်တရရင်းနဲ့ ဒီနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ မေ့နေတတ်ကြပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘဝမှာ ဘယ်တော့မှ မလုပ်မိခဲ့ရင် ကောင်းမယ်ဆိုတဲ့ ကိစ္စမျိုးကို အခြေနေအမျိုးမျိုးကြောင့် လုပ်ဖြစ်သွားခဲ့တဲ့ အခိုက်အတန့်မျိုး လူတိုင်းမှာ ကိုယ်စီရှိကြပါတယ်။ ညအိပ်ခါနီး ပြီးခဲ့တာတွေကို ပြန်တွေးရင်း “ငါသာ ဘယ်လို လုပ်ခဲ့ရင် ဒါတွေ […]