James ED

“ဘဝမှာ ဘယ်နှကြိမ်လောက် စာပေထဲက အလှတရားတွေကို နှလုံးသားနဲ့ မြင်အောင် ကြည့်ခွင့်ရခဲ့ကြလဲ”

စာပေဟာ ဦးနှောက်အာဟာရ နှလုံးသားအာဟာရ တွေကို ပေးစွမ်းနိုင်သော သိမ်မွေ့တဲ့ အနုပညာတစ်ခုဖြစ်သလို တစ်ခါတရံမှာတော့ “ဓားသွားထက် ကလောင်သွားထက်” ဆိုသလို အင်အားကြီးမားပါတယ်။ ဒါပေမဲ့ ဒီလို သိမ်မွေ့ပြီး အင်အားကြီးမားတဲ့ အနုပညာရပ်ကို ကျွန်တော်တို့တွေ ဘယ်နှကြိမ်လောက် သေချာအချိန်ပေးပြီး ခံစားခဲ့ကြပြီးပြီလဲ။ ကျွန်တော်တို့တွေဟာ ကျောင်းစာကိုလေ့လာရင်း ကဗျာပေါင်းများစွာကို ကျက်ခဲ့ရတယ်၊ စာပိုဒ်ပေါင်းများစွာကို ဖတ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ အလွတ်ကျက် ပညာရေးစနစ်အောက်မှာ စာမေးပွဲအောင်ဖို့ ကြိုစားနေကြရတာနဲ့ပဲ စာပေရဲ့ အနုပညာ ရသကောင်းတွေကို ခံစားဖို့ အချိန်မရခဲ့ကြပါဘူး။ ကဗျာဆရာရဲ့ ရည်ရွယ်ချက်ဆိုတာ ခံစားသူပေါ်မူတည်ပြီး မကွဲပြားသွားပဲ သင်ရိုးညွှန်းတမ်းထဲက စာပိုဒ် တစ်ခု အပြင်မပိုခဲ့ပါဘူး။ English စာမှာ တွေ့ရတဲ့ Sentence လှလှလေးတွေကိုလဲ သတိမထားနိုင်ဘဲ Cloze Type အမှတ်ပြည့်ရအောင်သာ […]