James ED

GED Mathematics

GED maths ဘာသာရပ်ကတော့ GED စာမေးပွဲမှာ အရေးပါဆုံးသောဘာသာရပ်တွေထဲက ၁ ခုဖြစ်ပါတယ်။ ဒီဘာသာရပ်မှာကတော့ တခြားဘာသာရပ်တွေထက် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ ပြသနာဖြေရှင်းနိုင်စွမ်းတွေကို အသုံးပြုပြီး ဦးစားပေးသင်ကြားလေ့လာရ မှာ ဖြစ်ပါတယ်။ စာမေးပွဲမှာဆိုရင်တော့ Mathematics နဲ့ပတ်သတ်တဲ့ ပုစ္ဆာတွေကိုအဖြေရှာရမှာဖြစ်ပြီး အဖြေမှန်ရွေး၊ ကွက်လပ်ဖြည့်နဲ့ မေးခွန်းတိုလေးတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီဘာသာရပ်မှာတော့ ကိန်းကဏန်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ ဂျီဩမေတြီဆိုင်ရာတွေးခေါ်မှုတွေ၊ တိုင်းတာမှုတွေနဲ့ စာရင်းအင်းဆိုင်ရာ အချက်အလက်များခွဲခြမ်းစိတ်ဖြာခြင်း စတဲ့ဘာသာရပ်များကို အဓိကထားလေ့လာရမှာပါ။ ဒါ့အပြင် သင်္ချာရဲ့အခြေခံသဘောတရားတွေဖြစ်တဲ့ အပိုင်းကိန်း၊ ဒဿမကိန်း၊ ရာခိုင်နှုန်းတွက်ချက်ခြင်း၊ ဧရိယာ၊ ပတ်လည်အနား၊ ထုထည် စတာတွေရဲ့ ဆက်စပ်မှုတွေကိုပါ တပါတည်းလေ့လာသိရှိနိုင်မှာဖြစ်လို့ သင်္ချာဘာသာရပ်နဲ့ပတ်သတ်ပြီး အခြေခံကောင်းတခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒီဘာသာရပ်ဟာ သင်္ချာကိန်းကဏန်းများကို ကျွမ်းကျင်စွာတွက်ချက်နိုင်စွမ်းသာမက ထိုးထွင်းစဉ်းစားနိုင်စွမ်းတွေကို လက်တွေ့အသုံးချနိုင်ဖို့ ကောင်းမွန်တဲ့အခြေခံထောက်ပံ့မှုတွေကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့သင်္ချာဘာသာရပ်လေ့လာတဲ့ ခရီးအတွက် စံပြအထောက်အပံ့ကောင်းတခုဖြစ်စေမှာ ၁၀၀% သေချာပါတယ်။