James ED

GED

Reasoning Through Language Arts

RLA ဘာသာရပ်ကတော့ တခြားဘာသာတွေထက် ထူးခြားပြီး လူငယ်တွေကို ကမ္ဘာပေါ်မှာရှိတဲ့ အနုပညာနဲ့ ဘာသာစကားဆိုင်ရာ ယဉ်ကျေးမှုတွေကို ထိတွေ့ခံစားပြီး ဝေဖန်ပိုင်းခြားနိုင်ဖို့ စတင် မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ GED ဘာသာရပ်တွေထဲမှာ အရေးပါတဲ့ ဘာသာရပ်ဖြစ်ပြီး လူငယ်တွေကို အပြင်လောကကြီးထဲက စာပေအနုပညာတွေနဲ့ အတွေးအခေါ် ဖြန့်ကျက် ရင့်သန်လာစေဖို့ ဦးတည်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ စာဖတ်ရတာ ကြိုက်နှစ်သက်ပြီး မိမိရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ ကောင်းမွန်စွာ သီကုံးတင်ပြနိုင်မယ်ဆိုရင်တော့ စာမေးပွဲကို အခက်အခဲမရှိ ချောချောမွေ့မွေ့ ဖြတ်‌ကျော်နိုင်မှာဖြစ်ပါတယ်။

GED(RLA) ဘာသာရပ်ကို ဘာသာစကား အနုပညာဆိုင်ရာ ကဏ္ဍပေါင်းစုံ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ကွဲပြားခြားနားတဲ့ ရှုထောင့်ပေါင်းစုံနဲ့ ရေးသားထားတဲ့ စာပိုဒ်များကို လေ့လာဖတ်ရှုရမှာဖြစ်ပြီး ဘာသာရပ်တစ်ခုရဲ့ ‌အခြေခံတွေ ဖြစ်တဲ့ သဒ္ဒါ၊ စာလုံးပေါင်းသတ်ပုံ၊ စာ‌ကြောင်းတည်ဆောက်ပုံတွေကို ထိထိရောက်ရောက် လေ့လာရမှာ ဖြစ်ပါတယ်။ မတူညီတဲ့ နောက်ခံ အကြောင်းအရာတွေပေါ်အခြေခံပြီး ရေးသားထားတဲ့ ကျစ်လျစ်တဲ့ အက်ဆေးအရေးအသားတွေ၊ စာတစ်ပုဒ်ကို ဖတ်ပြီး မိမိရဲ့ အယူအဆ အတွေးအမြင်တွေကို ကောင်းမွန်စွာ တည်ဆောက်နိုင်စွမ်းတွေအပေါ် မူတည် အကဲဖြတ်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပညာရေးခရီးအတွက်သာမက လုပ်ငန်းခွင်ရောက်တဲ့အထိ အသုံးဝင်တဲ့ အခြေခံဘက်စုံသုံး ဘာသာစကားစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်။

ဒီဘာသာရပ်ကို လေ့လာတဲ့ ကျောင်းသား ကျောင်းသူတိုင်းရဲ့ အရေးအသား၊ စာဖတ်စွမ်းရည်နဲ့ ဝေဖန်ပိုင်းခြား တွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်ကောင်းမွန်လာဖို့ ရည်ရွယ်ပါတယ်။ ရှုပ်ထွေးပြီး နားလည်ရခက်ခဲသော စာပေအရေးအသားများကို ကောင်းမွန်စွာ နားလည် သဘောပေါက်လာရုံသာမက အရည်အသွေးမြင့်မားတဲ့ စာတမ်းများကိုပါ ကိုယ့်ရဲ့ ဘာသာစကားစွမ်းရည်နဲ့ ပူးပေါင်းဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံနိုင်ပြီး လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။ RLA ဘာသာရပ်ဟာ ကျောင်းသား‌ ကျောင်းသူတွေရဲ့ ဘာသာစကားအရည်အသွေးကို ပြည့်ဝစေပြီး အနာဂတ်ပညာရေးနဲ့ Professional Career အတွက်ပါ အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေမှာပါ။