James ED

GED Science

GED Science ဘာသာရပ်မှာတော့ သိပ္ပံပညာရပ်ဆိုင်ရာသဘောတရားတွေနဲ့ လက်တွေ့အသုံးချနိုင်တဲ့ သိပ္ပံပညာရပ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမှာဖြစ်ပြီး ကျောင်းသားတိုင်း သိပ္ပံဘာသာရပ်ဆိုင်ရာ ဗဟုသုတတွေတိုးလာစေမှာပါ။ ဒီဘာသာရပ်မှာတော့ ဓာတုဗေဒ၊ ရူပဗေဒ နဲ့ ဇီဝဗေဒ ဒီဘာသာရပ် ၃ခုကို အချိုးကျကျ စိတ်ဝင်စားဖွယ် လေ့လာရမှာဖြစ်ပါတယ်။ ဇီဝဗေဒဘာသာရပ်ကဏ္ဍမှာတော့ ဆဲလ်ဖွဲ့စည်းပုံ၊ မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်နဲ့ ဂေဟဗေဒစနစ်များကို လက်တွေ့လေ့လာရမှာဖြစ်ပြီး ဓာတုဗေဒမှာတော့ အက်တမ်ဖွဲ့စည်းပုံ၊ ဓာတုတုန့်ပြန်မှုများနဲ့ ဓာတုဗေဒရဲ့အခြေခံဒြပ်ထုများကို ဇယားနဲ့တကွသိရှိခွင့်ရမှာပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်တွေ့မြင်နေရတဲ့ ရွေ့လျားမှုများအကြောင်း၊ အားများအကြောင်း၊ လျှပ်စစ်နဲ့လျှပ်စစ်ဆိုင်ရာ အခြေခံသဘောတရားတွေကိုတော့ ရူပဗေဒဘာသာရပ်ပိုင်းမှာ လေ့လာတီးခေါက်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ ဘူမိဗေဒ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ သဘာဝအရင်းအမြစ်များကိုပါ ထပ်စောင်းသိရှိခွင့်ရမှာပဲဖြစ်ပါတယ်။ ဒီဘာသာရပ်ကနေပေးနိုင်တဲ့ ရည်ရွယ်ချက်ကောင်းတွေကတော့ အတော်များပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာအခြေခံဗဟုသုတတွေ၊ ပတ်ဝန်းကျင်ကို လေ့လာအကဲဖြတ်နိုင်စွမ်းနဲ့ အကူအညီပေးနိုင်စွမ်းတို့ကို ဒီဘာသာရပ်လေ့လာလိုက်ရုံနဲ့ မြှင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ စာတွေ့သာမက သင်ထောက်ကူပစ္စည်းများနဲ့ လက်တွေ့လေ့လာခြင်းဖြင့် ကျောင်းသားတွေအတွက် ပိုမိုထိရောက်ပြီး GED စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ ထူးချွန်စွာ အောင်မြင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။