James ED

GED

Social Studies

Social Studies ကတော့ လူမှုရေးသိပ္ပံပညာရပ်ဖြစ်ပြီး ပထဝီ၊ သမိုင်း၊ နိုင်ငံသားဆိုင်ရာလူ့အခွင့်အရေး၊ စီးပွားရေး စတဲ့ လူမှုရေးနဲ့သက်ဆိုင်သောဘာသာရပ်များကို ပြည့်ပြည့်စုံစုံ လေ့လာရမှာဖြစ်ပါတယ်။ ဘာသာရပ်တွေကို အလွတ်ကျက်ရတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီး စာမေးပွဲဖြေရမှာပါ။ စာမေးပွဲပုံစံကတော့ အဖြေမှန်ရွေးခြင်း၊ ကွက်လပ်ဖြည့်နဲ့ မေးခွန်းတိုများသာဖြစ်တာမို့ ပေါ့ပေါ့ပါးပါးဖြေဆိုလို့ရမှာပဲဖြစ်ပါတယ်။

ဘာသာရပ်တလျှောက်မှာတော့ ဩဇာကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့ လူ့အဖွဲ့အစည်းအပေါ်သက်ရောက်မှုတွေ၊ လူမှုရေးဆိုင်ရာသိပ္ပံကို သမိုင်းဆိုင်ရာရှုထောင့်ကနေသုံးသပ်ပုံတွေ၊ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ နေရာဒေသ ပထဝီဝင်ကွဲပြားခြားနားမှုတွေကို စိတ်ဝင်စားစရာကောင်းအောင် လေ့လာရမှာြဖစ်ပါတယ်။ ဒါ့အပြင် အစိုးရတခုရဲ့ ဖွဲ့စည်းပုံနဲ့ တာဝန်ယူမှုတွေ၊ နိုင်ငံသားဆိုင်ရာ လူ့အခွင့်အရေးနဲ့ တာဝန်ဝတ္တရားတွေသာမက မဖြစ်မနေသိသင့်တဲ့ စီးပွားရေးနဲ့ပတ်သတ်တဲ့ အခြေခံသဘောတရားနဲ့ ဈေးကွက်စီးပွားရေးယန္တရားလည်ပတ်ပုံတွေကိုပါ သိရှိခွင့်ရမှာဖြစ်ပါတယ်။

Social Studies ဘာသာရပ်ရဲ့ရည်ရွယ်ချက်ကတော့ လူမှုရေးပြသနာများကို ဖြေရှင်းနိုင်ဖို့နဲ့ လူမှုရေးဆိုင်ရာဥပဒေဿများကို နေ့စဉ်ဘဝတွင် လက်တွေ့အသုံးချနိုင်ဖို့ဖြစ်ပါတယ်။ မိမိအားသာတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး သင်ယူလေ့လာခြင်းက စာမေးပွဲဖြေတဲ့အခါအထောက်အကူပြုပြီး အသုံးဝင်မှာသေချာပါတယ်။