James ED

About Us

Our Mission &  Vision

About Us

“ လူငယ်တိုင်း တတ်နိုင်ပြီး အရည်သွေး ပြည့်ဝကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခု ထောက်ပံ့ပေးနိုင်ရေး ” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ လူငယ်တိုင်း လက်လှမ်းမှီတဲ့ စျေးနှုန်းနဲ့ စစ်မှန်ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုကို ထောက်ပံ့ပေးနိုင်ဖို့ အမြဲတမ်း ကြိုးစားလျက်ရှိပါတယ်။

GED ဘာသာရပ်များကို သင်ယူလေ့လာချင်တဲ့ လူငယ်တွေအတွက် သင့်တင့်မျှတပြီး လူငယ်တိုင်း တတ်နိုင်တဲ့ နှုန်းထားနဲ့ Quality Education တစ်ခု ပေးနိုင်ဖို့အတွက် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ တွင် James Ed ကိုကျွန်တော်တို့ သူငယ်ချင်း ၂ ယောက်အတူ စတင် တည်ထောင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ လူငယ်များကို ပိုမိုကူညီနိုင်ဖို့အတွက် အသစ်သစ်သော ပညာရပ်များကို စျေးနှုန်းအသင့်အတင့်နဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

Mission

ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာနေထိုင်ပြီး ပညာရေးကို တန်ဖိုးထားတဲ့ လူငယ်တွေကို သင့်တော်တဲ့စျေးနှုန်းနဲ့ အရည်သွေး ပြည့်ဝကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခု ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်။

Vision

လူငယ်တိုင်းအတွက် အထောက်ပံ့ကောင်းတစ်ခု ဖြစ်ပြီး မတူညီတဲ့ ပညာရပ်များကို အခန်းကဏ္ဍစုံစုံလင်လင် တစ်နေရာထဲမှာ တစ်စုတည်း လေ့လာနိုင်မဲ့ Education Center တစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။