James ED

“Pre-GED မှာ Social Studies ဘာသာရပ်ကို ထည့်သွင်း သင်ကြားဖို့ လိုအပ်လို့လား”

ဒီမေးခွန်းလေးက တချို့လူတွေအတွက် နည်းနည်းလေး စိတ်အနှောက်အယှက်ဖြစ်စရာ ရှိပေမဲ့ အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ Pre-GED မှာ Social Studies ဘာသာရပ်ကို သင်ကြားဖို့ လိုကို လိုအပ်ပါတယ်။

ဘာကြောင့်လဲ။ ❓

ဘာကြောင့်လဲဆိုတော့ Pre-GED ဆိုတဲ့ Course ဟာ Social Studies နဲ့ Science ကို တစ်ခါမှ မထိတွေ့ဖူးတဲ့ ကျောင်းသား/သူတွေအတွက် Foundation ခိုင်မာဖို့ ပြုလုပ်ပေးထားတဲ့ Course တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Pre-GED မှာ Social Studies ဘာသာရပ်ကို မသင်ကြားဘူးဆိုရင် GED တက်တဲ့အခါ ကျောင်းသား/သူတွေအနေနဲ့ မျောက်သစ်ကိုင်းလွတ်သလို စာမလိုက်နိုင်တာတွေ၊ Social Studies ရဲ့ သဘောတရားနဲ့ ရည်ရွယ်ချက်ကို နားမလည်တာတွေ၊ Test Format ကို စိမ်းနေတာတွေ စသဖြင့် အခက်အခဲ မျိုးစုံကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ သတိပြုရမှာက Pre-GED မှာ Social Studies ဘာသာရပ်ကို သေသေချာချာလေး စိတ်ဝင်တစား လေ့လာထားဖို့ပဲဖြစ်ပါတယ်။

တစ်ဆက်တည်း Social Studies ဘာသာရပ်ကို လေ့ကျင့်တဲ့အခါ ပိုမိုလွယ်ကူအောင် GED နဲ့ ပတ်သက်တဲ့ Self-Study Websites တွေကို မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

1. GED Study Guides

https://ged.com/…/tea…/classroom_materials/study_guides/

2. Union Test Prep

https://uniontestprep.com/ged-test/study-guide

3. 4Test.com

https://www.4tests.com/

ဒါနဲ့ စကားမစပ် James ED မှာလဲ GED ရော၊ Pre-GED ရောအတွက် အတန်ဆုံးဈေးတွေနဲ့ September Intake လေး ရှိနေပြီနော်။ တစ်ဘာသာကိုမှ ၃ သောင်းကျပ်တည်းမို့ စိတ်ဝင်စားရငိ အောက်က Post မှာ အသေးစိတ် ဝင်ဖတ်ကြည့်လို့ရပါတယ်ဗျို့။

https://m.facebook.com/story.php?story_fbid=256817197200374&id=100086162853124&mibextid=Nif5oz

စာလဲ ရှည်သွားပြီမို့ ဒီလောက်ဆိုရင် Information လုံလုံလောက်လောက် ရှိပြီ ထင်ပါတယ်။ James ED Page ကနေ နောက်လဲ ဒီလို Knowledge Sharing Post တွေ ထပ်တင်ပေးသွားအုံးမှာမို့ Like and Follow မလုပ်ရသေးဘူးဆိုရင် အခုပဲ Page လေးကို Like and Follow ထားလိုက်တော့နော်။ 💗

နောက်ပြီး ကျွန်တော်တို့တစ်တွေ အမြဲတမ်း အဆက်အသွယ်မပြတ်သွားရလေအောင် ‌အောက်က James ED ရဲ့ Telegram Channel လေးကိုလဲ Join ထားဖို့ မမေ့နဲ့အုံးနော်။

https://t.me/JamesEDstudygroup