James ED

Smart vs Intelligent

ကျွန်တော်တို့ ၂၁ ရာစုရဲ့ အရေးကြီးလာတဲ့ Intellectual Capability တွေအကြောင်း ပြောတဲ့အခါ ချန်ထားခဲ့လို့ မရတဲ့ဟာတွေက Smart နဲ့ Intelligent ဆိုတဲ့ Terms နှစ်မျိုးပါပဲ။ နောက်ပြီး အဲဒီ Terms တွေဟာ လူငယ်တွေကအစ လူကြီးတွေအကြားပါ တွင်တွင်ကျယ်ကျယ် အသုံးများလာတဲ့ Terms တွေဆိုရင်လဲ မမှားပါဘူး။ ပုံမှန်အားဖြင့် ကြည့်ရင်တော့ ဒီ Terms နှစ်မျိုးက တူသယောင်ယောင်ရှိပြီး တကယ်တမ်း အတွေးနက်နက် တူးဖော်ကြည့်တဲ့အခါမှာ စင်စစ် မတူကြပါဘူး။ ကျွန်တော် ဒီ Smart နဲ့ Intelligent ရဲ့ အကြောင်းတွေကို လူ ၁၀ ယောက်ကို မေးကြည့်တယ်ဆိုပါစို့။ အဲဒီ လူ ၁၀ ယောက်မှာ ၇ ယောက်က တူတူပဲလို့ပဲ ထင်လေ့ရှိကြပြီး ကျန် ၃ ယောက်ထဲက ၂ ယောက်ဟာလဲ မတူတာပဲ သိတယ်၊ ဘာတွေ မတူလဲတော့ မပြောတတ်ပါဘူးဆိုတဲ့ အဖြေ ထွက်လာဖို့ ရာခိုင်နှုန်းများပါတယ်။ နောက်ဆုံး ကျန်တဲ့ ၁ ယောက်လောက်ကသာ ဘာတွေ မတူလဲဆိုတာကို သေသေချာချာ သိတတ်ကြပါတယ်။

ဒါဆို ဘာတွေ မတူကြတာလဲ။

Smart 👨🏼‍💼

————

ဒီ Smart ဆိုတဲ့ Term ကတော့ ဟိုးအရင်ကတည်းက လူငယ်တွေအကြားရော၊ လူကြီးတွေအကြားပါ အသုံးကျယ်တဲ့ စကားလုံးတစ်လုံးပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အဲဒီအခါတုန်းက ဒီစကားလုံးကို Stylish ဖြစ်တဲ့ လူတွေကိုပဲ အဓိက ထားသုံးတတ်ကြပါတယ်။ တကယ်တော့ Smart ဆိုတာက Stylish ဖြစ်ရုံတင်မက နယ်ပယ် Fields တွေ အတော်များများမှာ ထူးချွန်ရင်လဲ Smart ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ နောက်ပြီး အကြောင်းအရာတစ်ခုကို သင်ယူလွယ်၊ တတ်မြောက်လွယ်တဲ့အခါလဲ Smart ဖြစ်တယ်လို့ ဆိုနိုင်ပြီးတော့ ကိုယ်ပိုင်ပုံစံတွေ၊ ကိုယ်ပိုင်အသွင်တွေ ရှိတတ်ရင်လဲ Smart ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဥပမာ – ကျွန်တော်တို့ တက္ကသိုလ်တွေ တက်တဲ့အခါ ကိုယ့်အခန်းထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်မေဂျာမှာပဲဖြစ်ဖြစ် Smart ဖြစ်တဲ့ ကောင်လေး၊ ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ယောက်ကိုတော့ ကြုံဖူးကြမှာပါ။ သူက စာလဲ တော်တယ်။ သင်ယူတတ်မြောက်လဲ လွယ်တာကြောင့် Tutorial တွေမှာလဲ အမှတ်တွေ အများကြီးရတယ်၊ နောက်ပြီး Fashion Sense လဲရှိတယ်။ သူ့ရဲ့ အပြုအမူတိုင်းဟာလဲ Confident ရှိရှိနဲ့ လှုပ်ရှားတတ်တယ်။ အဲတာတွေကြောင့် သူ့ကို ကြိတ်ကြွေတဲ့ လူတွေ များမယ်၊ အားကျရတဲ့ လူတွေ များမယ်။ ဒါတွေဟာ Smartness ဖြစ်မှုရဲ့ ပုံမှန် သင်္ကေတတွေပဲဖြစ်ပါတယ်။ ဒီ Smart ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကလဲ ကိုယ်ပိုင် ကြိုးစားရင်းနဲ့ Build လုပ်လို့ ရပါတယ်။ ဒါကြောင့် လူတိုင်းဟာ Smart မဖြစ်ကြပေမဲ့ Smart ဖြစ်အောင်တော့ ကြိုးစားလို့ ရပါသေးတယ်။

Intelligent 🧠

—————–

Smart ဖြစ်တယ်ဆိုတာက လူတိုင်း ကြိုးစားလို့ရပေမဲ့ Intelligent ဆိုတဲ့ စကားလုံးမှာတော့ Smart ထက် အနည်းငယ် ပိုနက်တဲ့ အဓိပ္ပာယ်လေးတွေပါပါတယ်။ Intelligent ဖြစ်တယ်ဆိုတာဟာ မွေးရာပါဉာဏ်တစ်ခုလို့တောင် ‌ပြောယူလို့ရပြီး ကိုယ့်ရဲ့ အတွေ့အကြုံ၊ အသိအမြင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ Academic နဲ့ Relatable မဖြစ်တဲ့ တခြားအပြင်လောကက အကြောင်းအရာတွေကိုပါ တွေးတော သိမြင်နိုင်စွမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Intelligent ဖြစ်တယ်ဆိုတဲ့အထဲမှာ Subject တစ်ခုခုကို Memorize လုပ်နိုင်တာ တစ်ခုတည်းတင် မဟုတ်ဘဲ Critical Thinking, Analytical Thinking, Creativity, Adaptability, Problem Solving Skill နဲ့ Social Skills တွေ ပါဝင်ပါတယ်။ နောက်ပြီးတော့ Intelligent ဖြစ်တဲ့ လူတစ်ယောက်ဟာ အတွေးအခေါ်တွေ၊ ရှုထောင့်တွေကအစ တခြားလူတွေနဲ့ မတူအောင် ကွဲပြားတတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ ရှုထောင့်အမျိုးမျိုး၊ အတွေးအခေါ်ပုံစံ အမျိုးမျိုးကနေ တွေးမြင်တတ်ပါတယ်။ အဲလို တွေးမြင်တဲ့အခါလဲ ဘောင်တစ်ခုတည်းကနေ ထွက်ပြီး တွေးမြင်တတ်သေးတာကြောင့် သူတို့ရဲ့ အတွေးအခေါ်ပုံစံတွေက Unique ဖြစ်နေတတ်ပါသေးတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက သူတို့ရဲ့ အတွေးအမြင်တွေကြောင့် လူတွေက သူတို့ကို ပေါင်းသင်းဆက်ဆံရမှာ ကြောက်တတ်ကြပါတယ်။ Intelligent ဖြစ်တဲ့ လူတွေအနေနဲ့ကတော့ အဲတာကို မမှုတတ်ကြပါဘူး။ ဘာလို့ဆို သူတို့မှာ လူတွေကို ပြန်ပြီး သူတို့ဘက် ပါလာ‌အောင် ဆွဲဆောင်နိုင်တဲ့ Social Skills တွေ ရှိပြီးသားမို့ပဲဖြစ်ပါတယ်။ Intelligent ဖြစ်တဲ့ ပုံစံကို ဥပမာပေးရရင်တော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေထဲ ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် အဲပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်တတ်တဲ့လူကို တွေးကြည့်လို့ရပါတယ်။ ကိုယ့်ဆီမှာ ပြဿနာတစ်ခုခု ဖြစ်ပြီဆိုတာနဲ့၊ အခက်အခဲတစ်ခုခုကြုံပြီဆိုတာနဲ့ သူတို့ကို တန်းတွေးမိတတ်ကြပြီး “ဟဲ့ရေ လုပ်ပါအုံး၊ ဟိတ်ကောင် ကူညီပါအုံး” ဆိုပြီး သူတို့ဆီ ရောက်ရောက်သွားတတ်ဖူးကြလောက်ပါတယ်။ အဲဒီသူငယ်ချင်းက Stylish ဖြစ်ချင်မှ ဖြစ်မှာပါ။ အတန်းထဲ Good Grades တွေ လတိုင်း ရချင်မှ ရမှာပါ။ ဒါပေမဲ့ သူ့ရဲ့ တွေးခေါ်ပုံတွေက တခြားလူတွေနဲ့ မတူဘဲ Unique ဖြစ်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင်လဲ အကောင်းဆုံးဖြေရှင်းနိုင်တတ်ကြပါတယ်။ ဒါကတော့ Intelligent ဖြစ်တဲ့ လူတွေရဲ့ လက္ခဏာအသွင်အပြင်တွေပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ တွင်တွင်သုံးနေကြတဲ့ Intelligent နဲ့ Smart ဆိုတဲ့ Terms နှစ်ခုကို ခပ်ရှင်းရှင်းလေး ဖြစ်လောက်ပြီ ထင်ပါတယ်။ ယေဘုယျအားဖြင့် နှစ်ခုကို ကြည့်ရင်တော့ တူသလိုလို ရှိပေမဲ့ တကယ်တမ်းကျ မတူပြန်ပါဘူး။ အဲတော့ ကိုယ်ကရော Smart ဖြစ်တာလား၊ Intelligent ဖြစ်တာလား။ ကိုယ့်ရဲ့ Personality လေးကို သေချာသိပြီဆိုရင်တော့ အောက်က Comment Box‌ လေးမှာ ဝင်ရေးသွားအုံးနော်။ နောက်ထပ် Posts တွေမှာ ပြန်တွေ့ကြပါမယ်ဗျို့။ 💞🙌🏻

GED နဲ့ပတ်သတ်တဲ့ အထောက်အကူ ဖြစ်စေမယ့် file လေးတွေတင်ပေးထားတဲ့ ကျွန်တော်တို့ Telegram Channel လေးကိုလည်း join ဖို့ မမေ့ကြနဲ့နော်။ 🫡

https://t.me/JamesEDstudygroup